About Us

Synogene

ဤစိတ်လှုပ်ရှားဖွယ် ပူးပေါင်းမှုတွင် အဆင့်မြင့် ဇီဝဗေဒ သိပ္ပံနည်းပညာများနှင့် လူတိုင်း၏ ထူးခြားချက်များကို နက်နက်နဲနဲနားလည်မှုတို့ကို ပေါင်းစပ်ထားသည်။ကျွန်ုပ်တို့အဖွဲ့သည် သင့်အကြောင်းကိုနားလည်စေဖို့အ ထောက်အကူဖြစ်စေနိုင်မည့် နည်းပညာတစ်ခုကို တီထွင်ထားပြီး သင်၏ သဘာဝတတ်ကျွမ်းမှုများ၊ အနာဂတ်အတွက် သင့်လျော်သော အားသာချက်များ၊ အာဟာရလိုအပ်ချက်များနှင့် ကျန်းမာရေးအတွက် အရေးကြီးသော ဂုဏ်သတ္တိများကို သိရှိနိုင်ပါသည်။

ဒါကို သင်၏ DNA အပေါ်အခြေခံ၍ ပြုလုပ်ထားတဲ့ ကိုယ်ပိုင် လမ်းပြမြေပုံတစ်စင်းလို့ ထင်မြင်နိုင်ပါတယ်။ သုတေသနအထောက်အထားအပေါ် အခြေခံထားသော အကြောင်းအရာများကို ပေးဆောင်ပြီး သင်၏ကျန်းမာရေး၊ အလုပ်အကိုင်အနာဂတ်၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် ပိုမိုမှန်ကန်သော ရွေးချယ်မှုများ ဆောင်ရွက်နိုင်စေရန် အထောက်အကူဖြစ်စေနိုင်ပါသည်။

Vision

သိပ္ပံအခြေခံပြီး တစ်ဦးချင်းစီအတွက် သီးသန့် DNA သုံးသပ်ချက်များမှတဆင့် လူ့စွမ်းရည်ကို ဖောက်ထွင်းဖော်ထုတ်ကာ ကျန်းမာပြီး အင်အားအပြည့်ရှိသော အနာဂတ်ဆီသို့ ရောက်ရှိစေခြင်း။

Mission

တစ်ဦးချင်းစီ၏ ထူးခြားသည့် ပင်ကိုယ်ရည်ရည်ချွန်မှုများကိုဖော်ထုတ်နိုင်သော၊ ကျန်းမာရေးကို တိကျစွာ တိုးတက်အောင်ပြုလုပ်နိုင်သော၊ ပုဂ္ဂိုလ်ရေးနှင့် အသက်မွေးဝမ်းကြောင်းအပေါ် သွယ်ဝိုက်ညွှန်ပြပေးနိုင်သော DNA အခြေခံဖြေရှင်းနည်းအသစ်များကို တီထွင်ဦးဆောင်ကာ လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို တိုးတက်မှုအတွက် လုပ်ဆောင်ပေးခြင်း။
Our Awards

Our Prestigious Awards

ဘာကြောင့် SYNOGENE ကို ရွေးချယ်သင့်သလဲ?

What Sets Us Apart

လူဦးရေအခြေပြု သင်္ချာနည်းကျစာရင်းအင်းများ

SYNOGENE သည် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ အာရှသား ၃၀,၀၀၀ ဦး၏ ဒေတာအပေါ်အခြေခံ၍ ထုတ်ထားသော တိကျမှုမြင့်တဲ့ သုတေသနအချက်အလက်များကို ပြသပေးနိုင်ပါသည်။

ကျန်းမာရေးအတွင်းပိုင်းသိမြင်မှုများ

ကျန်းမာရေးအန္တရာယ်များအပေါ် အခြေခံ၍ ဆွဲထုတ်ထားသော Relative Risk Scores များဖြင့် ပိုမိုကျယ်ပြန့်သော ကဏ္ဍအမြင်တစ်ခုကို ပေးစွမ်းပါသည်။

ဘာသာစကားများစွာဖြင့် ထောက်ပံ့ခြင်း

Reportအဖြေကို ဘာသာစကား (၃) မျိုးဖြင့် ရရှိနိုင်ပြီး လူတိုင်းအတွက် လွယ်ကူစွာအသုံးပြုနိုင်ပါသည်။

အပြည့်အဝအဆင့်သတ်မှတ်စနစ်

အခြားDNAစစ်ဆေးမှုများမှာ အဆင့်သုံးအဆင့် (ပုံမှန်၊ မြင့်မား၊ အနည်းငယ်မြင့်မား) ဖြင့်သာ ရှင်းပြနိုင်သည့်အချိန်တွင် SYNOGENE သည် နက်နဲသောတိကျသောအဖြေရရှိရန်အတွက် – အနိမ့်၊ ပုံမှန်၊ မြင့်မား၊ အလွန်မြင့်မား (သို့) Below average, Average, Above Average, Highly Above Average ဟု စနစ်တကျသတ်မှတ်ပေးမည်ဖြစ်ပါသည်။

ရှင်းလင်းပြတ်သားသောReportအဖြေကိုထုတ်ပေးနိုင်ခြင်း

Web App မှတဆင့်ဖတ်ရှုနိုင်ခြင်း၊ PDF ဖိုင်အဖြစ် ဒေါင်းလုဒ်လုပ်နိုင်ခြင်းနှင့် Printed Copy အဖြစ်လည်း ရရှိနိုင်သောကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ရယူနိုင်ပါသည်။

who-we-impact-flower-02
testimonial-flower-img
နိဂုံးချုပ်

သင့်ကိုယ်တိုင်၊ သင့်ကလေး၊ သင့်လုပ်ငန်းအဖွဲ့အတွက် ကိုယ်ပိုင် DNA သိမြင်မှုများဖြင့်အလင်းပွင့်ပြီးကျန်းမာရေးကောင်းမွန်မှုနှင့် ရေရှည်အောင်မြင်မှုကို မြှင့်တင်နိုင်ပါသည်။သင်၏ဖွံ့ဖြိုးမှုအနာဂတ်သည် သိပ္ပံအခြေပြု၊ တိကျပြီး သင့်အတွက်သာညှိနှိုင်းထားမှုဖြစ်သည့််စစ်ဆေးချက်များထွက်ပေါ်လာစေရန်အတွက်ကျွနိုပ်တို့၏ DNA စစ်ဆေးချက်များကအပြည့်အဝအာမခံပါသည်။